ကမ္ဘာတည်သရွေ့ ချစ်နေမည်(အပိုင်း-၄)
Myanmar Radio Dramas

ကမ္ဘာတည်သရွေ့ ချစ်နေမည်(အပိုင်း-၄)

Jun 29, 2023
16:00
E95
-(0)

About this episode

ကမ္ဘာတည်သရွေ့ ချစ်နေမည် ဇာတ်လမ်းတွဲသည် ၊တရုတ်နိုင်ငံနဲ့ မြန်မာနိုင်ငံ ဆွေမျိုးပေါက်ဖော် ချစ် ကြည်ရေး ဇာတ်လမ်းတွဲ တစ်ပုဒ်ဖြစ်ပါသည်။ မြန်မာ့ရိုးရာ ခြင်းလုံးအားကစားနည်းပညာကို စိတ်ဝင်စားတဲ့ တရုတ်နိုင်ငံသား ကျန်းဝေသည် ပီကင်း တက္ကသိုလ်မှာ မြန်မာစာသင်သည့် ဆရာမ၏ ကူညီမှုဖြင့် မြန်မာနိုင်ငံ ရှိ မန္တလေးမြို့မှာ ခြင်းလုံးခတ် ပညာကို လေ့လာခဲ့ပါသည်။ ကျန်းဝေနေထိုင်သည့် အိမ်မှာ မြန်မာမိသားစု ဖြစ်သည့် ဒေါ်လှ၊ ဉီးထွန်း၊ တက္ကသိုလ်ဆရာမလေးဖြူနဲ့ ဖိုးချိုတို့အတူတူနေထိုင်ပါသည်။ ခြင်းလုံးခတ် ပညာကို စိတ်ဝင်စားတဲ့ ကျန်းဝေဟာ ခြင်းလုံးပညာကို လေ့လာတဲ့နေမှာပဲ ခြင်းလုံးကို ခြေထောက်နဲ့ ခတ်လိုက် တာ အရှိန်လွန်ပြီး ကေျာင်းကနေ ပြန်လာတဲ့ ဆရာမလေးဖြူရဲ့ ခေါင်းကို ထိမိသွားပါတော့တယ် .. အဲဒီမှာပဲ ကျန်းဝေသည် ဆရာမလေးဖြူကို သနားသွားပြီ လူငယ်သဘာဝ ချစ်မိသွားပါတော့သည်။ နူးညံ့သိမ်မွေးပြီး မြန်မာ ဆန်လှတဲ့ မြန်မာမလေးတစ်ယောက်ကို မြင်တာကြာတော့ ကျန်းဝေဟာ ဆရာမလေးဖြူကို စွဲစွဲလမ်းလမ်း ချစ်မိသွားခဲ့ပါသည်။ ဒါပေမယ့်လည်း ဆရာမလေးဖြူမှာ လက်ထပ်မယ့်သူရှိတာကို သိသွားတဲ့အခါမှာတော့ ကျန်း ဝေသည် တော်တော်လေးခံစားသွားရပြီး ခြင်းလုံးခတ်သည့်ပညာကိုတောင် မလေ့လာနိုင်တော့ပဲ တရုတ်နိုင်ငံကို ပြန်သွားပါတော့သည်။ နောက်တော့ ကံကြမ္မာ အပြောင်းအလဲကြောင့် လက်မထပ်တာ့ဖြစ်တော့သည် ဆရာမ လေးဖြူရဲ့ သတင်းကို ကြားပြီး မြန်မာနိုင်ငံကို ပြန်လာကာ ချစ်ရတဲ့ ဆရာမလေးဖြူနဲ့ နီးစပ်ခွင့် ရသွားတဲ့ အကြောင်း ပျော်ရွှင်ကြည်နူးဖွယ် ဇာတ်လမ်းဖွဲ့ရေးသားထားခြင်းဖြစ်ပါသည်။ အချစ် ၊အလွမ်း ၊ပျော်ရွှင်ဖွယ် လွမ်းမောဖွယ် ကောင်းသည့် ဇာတ်လမ်းတွဲတစ်ပုဒ်ဖြစ်ပါသည်။

Comments

Rate this episode

Episode Details

Author
CRI
Show Type
full
Audio Format
audio/mpeg

We use analytics

We use Umami, a privacy-friendly analytics tool, to understand how visitors use this site. No personal data is collected and no data leaves our EU servers. You can accept or decline below. Privacy Policy